မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ Grade-12 တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (ကျောတိုက်)တွင် ဆောင်ရွက်ပေးခဲ့သည်။ ဂန့်ဂေါမြို့နယ်မှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခေတ္တဆေးရုံအုပ် ဒေါက်တာဝင်းထိုက်၊ မြို့ နယ်ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးမှူး-၁ ဦးထွန်းဇော်လင်းဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ၏ သွေးပေါင်ချိန်များတိုင်းတာ၍ သွေးတိုးရောဂါရှိ/မရှိနှင့် အရေပြားရောဂါရှိ/မရှိ စစ်ဆေး ခြင်းများကိုဆောင်ရွက်ပေးကာ ဗိုက်အောင့်ပျောက်ဆေး၊ အကိုက်အခဲပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေး အားဆေးများပေး၍ ကိုယ်ခံအားနည်းသည့် ကျောင်းသား၊ ကျောင်းသူများအား အကြောဆေးများထိုးနှံပေးခဲ့ ကြသည်။
မကွေးတိုင်း၊ဂန့်ဂေါမြို့၌ Grade-12 တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး
Mar 01 • 1:45 AM
Myanmar
Magway
Share
| 16 | 0 | 0 | 0 |


