back

ရခိုင်တစ်ပြည်လုံးနီးပါး ၁၈ လကြာ ဆက်သွယ်ရေးကွန်ရက်တွေ ဖြတ်တောက်ခံထားရ

Mar 01 • 1:44 AM

breaking-news

Myanmar

Rakhine

cover

ရခိုင်တစ်ပြည်လုံးနီးပါး ၁၈ လကြာ ဆက်သွယ်ရေးကွန်ရက်တွေ ဖြတ်တောက်ခံထားရ

ရခိုင်တစ်ပြည်လုံးနီးပါးဟာ ၁၈ လကြာတဲ့အထိ ဆက်သွယ်ရေးကွန်ရက်တွေ ဖြတ်တောက်ခံထားရဆဲဖြစ်တယ်လို့ Equality Myanmar ရဲ့ ထုတ်ပြန်ချက်တစ်ခုမှာ ဖော်ပြထားပါတယ်။ကျောက်ဖြူအပါအ...

ရခိုင်တစ်ပြည်လုံးနီးပါးဟာ ၁၈ လကြာတဲ့အထိ ဆက်သွယ်ရေးကွန်ရက်တွေ ဖြတ်တောက်ခံထားရဆဲဖြစ်တယ်လို့ Equality Myanmar ရဲ့ ထုတ်ပြန်ချက်တစ်ခုမှာ ဖော်ပြထားပါတယ်။ကျောက်ဖြူအပါအဝင် ပြည်နယ်တစ်ခုလုံးနီးပါး ၁၈ လကြာ ဆက်သွယ်ရေးကွန်ရက်များ ဖြတ်တောက်ခံထားရသည်”လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းလုပ်သားအဖြစ် အလုပ်လုပ်ကိုင်နေတဲ့ ကျောက်ဖြူမြို့နယ်က မခင်ဆန်းမိုးက အခုလို ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေပြတ်တောက်နေတဲ့အတွက် ရခိုင်ပြည်တွင်းက သူမတို့မိသားစုဝင်တွေအနေနဲ့ ဘယ်နေရာကို သွားကြတယ်ဆိုတာကိုတောင် မသိရဖြစ်နေတယ်လို့ ပြောပါတယ်။"ပိုက်ဆံလွှဲဖို့ကလည်း အဆင်မပြေဘူး။အဆက်အသွယ်မရ။ ဖုန်းလိုင်းကလည်း အဆက်အသွယ်မရ၊ ဖုန်းကလည်း မပြောရတော့ ဟိုဟာဖြစ်တယ်ပေါ့စိတ်ကတော့။ ဘယ်လိုဖြစ်နေကြမှန်းလဲမသိဘူး။ တိုင်းပြည်နိုင်ငံ အမြန်ဆုံးအေးချမ်းပါစေလို့ပဲ ဆုတောင်းနေရတာပေါ့”လို့ ပြောပါတယ်။

news-view-count-icon

15