back

တရုတ်နိုင်ငံ၊ယူနန်၌ နွေဦးလက်ဖက်မွှေးရနံ့ သင်းပျံ့လျက်ရှိခြင်းနှင့်အတူ ဆွတ်ခူးရေးတွင် အလုပ်များနေ

Mar 01 • 1:43 AM

breaking-news

China

Local News

cover

တရုတ်နိုင်ငံ၊ယူနန်၌ နွေဦးလက်ဖက်မွှေးရနံ့ သင်းပျံ့လျက်ရှိခြင်းနှင့်အတူ ဆွတ်ခူးရေးတွင် အလုပ်များနေ

နွေဦးသစ်စရာသီချိန်အပြီး မိုးရေစိုစွတ်၍ နွေးထွေးသောရာသီဥတုနှင့်အတူ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဖူအယ်မြို့ စီးမောင်ခရိုင်ရှိ လက်ဖက်စိုက်ခင်းများသည် ဆက်တိုက် စိမ်းလန...

နွေဦးသစ်စရာသီချိန်အပြီး မိုးရေစိုစွတ်၍ နွေးထွေးသောရာသီဥတုနှင့်အတူ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဖူအယ်မြို့ စီးမောင်ခရိုင်ရှိ လက်ဖက်စိုက်ခင်းများသည် ဆက်တိုက် စိမ်းလန်းလာပြီး ၂၀၂၆ ခုနှစ် နွေဦးလက်ဖက်ဆွတ်ခူးခြင်း၊ ကုန်ချောထုတ်လုပ်ခြင်းနှင့် ဝယ်ယူစုဆောင်းခြင်းတို့အတွက် အကောင်းဆုံးအချိန်သို့ တရားဝင် စတင်ရောက်ရှိလာပြီဖြစ်သည်။လက်ဖက်သမဝါယမအသင်းနှင့် လက်ဖက်လုပ်ငန်းအသီးသီးတို့၏ ကုန်ချောထုတ်လုပ်ရေးရုံများတွင် စက်ယန္တရားများ အရှိန်မြင့် လည်ပတ်နေသလို အလုပ်သမားများသည် ဝယ်ယူလာသော လတ်ဆတ်သော လက်ဖက်ရွက်များကို ထုတ်လုပ်ရန် အလုပ်များနေပေသည်။လက်ရှိတွင် စီးမောက်ခရိုင်ရှိ လက်ဖက်စိုက်ပျိုးဧရိယာသည် တရုတ်မူ ၃၅၃,၀၀၀ ခန့်တွင် တည်ငြိမ်နေပြီး ယင်းအနက် တရုတ်မူ ၁၀၀,၀၀၀ ကျော်ရှိ လက်ဖက်စိုက်ခင်းများတွင် နွေဦးလက်ဖက် ဆွတ်ခူးမှုကို စတင်ဆောင်ရွက်လျက်ရှိကာ ထုတ်လုပ်ရေးအခြေအနေမှာလည်း အားရဖွယ်ကောင်းလှသည်။

news-view-count-icon

9