back

တရုတ်နိုင်ငံ၏ ထိပ်တန်းဥပဒေပြုအဖွဲ့ အမြဲတမ်းကော်မတီ အစည်းအဝေး ကျင်းပပြီးစီး

Mar 01 • 1:42 AM

breaking-news

China

Local News

cover

တရုတ်နိုင်ငံ၏ ထိပ်တန်းဥပဒေပြုအဖွဲ့ အမြဲတမ်းကော်မတီ အစည်းအဝေး ကျင်းပပြီးစီး

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ကျင်းပခဲ့သည့် ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီ ၂၁ ကြိမ်မြောက် အစည်းအဝေးမှာ ယမန်နေ့၌ ကျင်း...

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ကျင်းပခဲ့သည့် ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီ ၂၁ ကြိမ်မြောက် အစည်းအဝေးမှာ ယမန်နေ့၌ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။အပိတ်အစည်းအဝေး၌ ဥပဒေပြုပုဂ္ဂိုလ်များက ဝမ်ရှန်ရှီအား အရေးပေါ်စီမံခန့်ခွဲရေး ဝန်ကြီးအဖြစ်မှ ဖယ်ရှားရန် မဲခွဲဆုံးဖြတ်ခဲ့ကာ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဝမ်အား ရာထူးမှဖယ်ရှားသည့် သမ္မတ အမိန့်ကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့သည်။NPC အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ ကျောက်လဲ့ကျိက ပိတ်ပွဲအစည်းအဝေး၌ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကာ အဆိုပါ အစည်းအဝေး၌ ကိုယ်စားလှယ်လောင်း အရည်အချင်းစိစစ်မှု အစီရင်ခံစာနှင့် အခြားသော ဝန်ထမ်းရေးရာ ဥပဒေမူကြမ်းများကိုလည်း အတည်ပြုခဲ့သည်။

news-view-count-icon

7