ထိုင်းနိုင်ငံ ဆူခိုထိုင်းမှာ သာမန်မဟုတ်တဲ့ ခြေငါးချောင်းနွားပေါက် တစ်ကောင်ဖွားမြင်လို့ ဒေသခံတွေကြား အထူးအဆန်းဖြစ်ပါတယ်။ ဒီနွားရဲ့ အပိုခြေထောက်က ရဲ့ လည်ပင်းအောက်ကနေ ထွက်နေပြီး အမြီးကနေ တွဲလောင်းကျနေတာလည်းဖြစ်ပါတယ်။ နွားပိုင်ရှင်ကတော့ သူ့နွားကို “Thung Ngern Thung Thong” “ငွေအိတ်”လို့ခေါ်ပြီး ဖေဖော်ဝါရီ ၂၂ ရက်နေ့က ဖွားမြင်တာဖြစ်ပြီး အခုဆို ၅-၆ ရက်သားရှိပါပြီ။ လက်ရှိမှာတော့ ကျန်းမာရေးကောင်းပြီး တက်ကြွနေတယ်လို့ဆိုပါတယ်။ ဒီ နွားပိုင်ရှင်က Mae Ya ဂူဘုရားမှာ ထီရောင်းသူဖြစ်သလို တစ်နိုင်တစ်ပိုင် မွေးမြူသူဖြစ်ပြီး နွား အကောင် ၃၀ ကျော်ရှိတာပါ။ အရင်ကလည်း သူဟာ ထီ ၁၀ ကြိမ်ဆက်ပေါက်ဖူးသလို အခု နွားပေါက်လေး မွေးလာတော့ ပိုပြီး ကံကောင်းစေမယ်လို့ ယူဆနေပါတယ်။ ဒီနွားပေါက်လေးကို သူက ရောင်းချမှာမဟုတ်ဘဲ အမြဲမွေးသွားမယ်လို့လည်း ကတိပေးထားပါတယ်။လတ်တလောမှာတော့ သူ့အိမ်မှာ ထီဝါသနာရှင်တွေ စုစည်းနေပြီး အိမ်နံပါတ်ကိုထိုးတာ၊ နွားမွေးနေ့ကို ထိုးတာနဲ့ နွားခြေထောက် (၅) ချောင်းကို ရည်ရွယ်ထိုးတာတွေရှိနေပါတယ်။
Mar 01 • 1:41 AM
Thailand
Local News
Share
| 15 | 0 | 0 | 0 |


