back

ကယားပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးကူညီ

Mar 01 • 1:29 AM

breaking-news

Myanmar

Kayah

cover

ကယားပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးကူညီ

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက လွိုင်ကော်မြို့ အစိုးရစက်မှုလက်မှုသိပ္ပံနှင့်အစိုးရနည်းပညာအထက်တန်း...

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက လွိုင်ကော်မြို့ အစိုးရစက်မှုလက်မှုသိပ္ပံနှင့်အစိုးရနည်းပညာအထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတို့၌ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး ဆောင်ရွက်နေမှုများနှင့် လွိုင်ကော်တက္ကသိုလ် ဘွဲ့နှင်းသဘင်အစမ်းလေ့ကျင့်နေမှုတို့ကို ကြည့်ရှုအားပေးခဲ့သည်။ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းသို့ရောက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံ၍ နှုတ်ဆက်စကားပြောကြားရာ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် တီထွင်ကြံဆမှုများနှင့်အတူ သုတေသနလုပ်ငန်းစဉ်များသည်လည်း အရေးကြီးပါကြောင်း၊ Grade-12 ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် Grade-12 အောင်မြင်ပြီးပါက သက်ဆိုင်ရာတက္ကသိုလ်များသို့ ဆက်လက်တက်ရောက်သင်ယူနိုင်သည့် အခွင့်အလမ်းများရှိ၍ ကြိုးစားကြရန်အားပေးစကားပြောကြားပြီး တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများနှင့် နည်းပြဆရာများအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

news-view-count-icon

15