back

ဒူဘိုင်းရောက် မြန်မာနိုင်ငံသားများ အီရန်ဒုံးကျည်အစများ ကျရောက်ကာ လေကြောင်းလိုင်းများပိတ်သိမ်းမှုများကြောင့် ဒူဘိုင်း၌ပင် ပိတ်မိမည့်အရေး စိုးရိမ်နေ

Mar 01 • 1:28 AM

breaking-news

UAE

Local News

cover

ဒူဘိုင်းရောက် မြန်မာနိုင်ငံသားများ အီရန်ဒုံးကျည်အစများ ကျရောက်ကာ လေကြောင်းလိုင်းများပိတ်သိမ်းမှုများကြောင့် ဒူဘိုင်း၌ပင် ပိတ်မိမည့်အရေး စိုးရိမ်နေ

အရှေ့အလယ်ပိုင်းဒေသတွင် စစ်ရေးတင်းမာမှုများ အရှိန်မြင့်တက်နေစဉ် ယနေ့ မြန်မာစံတော်ချိန် ည ၁၀ နာရီခန့်က ဒူဘိုင်းမြို့ရှိ ကမ္ဘာကျော် လူလုပ်ကျွန်း (Palm Jumeirah) ပေ...

အရှေ့အလယ်ပိုင်းဒေသတွင် စစ်ရေးတင်းမာမှုများ အရှိန်မြင့်တက်နေစဉ် ယနေ့ မြန်မာစံတော်ချိန် ည ၁၀ နာရီခန့်က ဒူဘိုင်းမြို့ရှိ ကမ္ဘာကျော် လူလုပ်ကျွန်း (Palm Jumeirah) ပေါ်သို့ အီရန်ဘက်မှ ပစ်လွှတ်လိုက်သော လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် ကျွန်းပေါ်ရှိ အဆောက်အအုံအချို့ ထိခိုက်ပျက်စီးမှုများ ရှိခဲ့ပြီး ဒေသတွင်း လုံခြုံရေးအခြေအနေမှာလည်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်။ထို့‌ကြောင့် ယူအေအီး (UAE) အစိုးရက လေပိုင်နက်ကို အရေးပေါ် ပိတ်သိမ်းလိုက်သဖြင့် ဒူဘိုင်းနိုင်ငံတကာလေဆိပ်ရှိ လေကြောင်းလိုင်းအားလုံး ခရီးစဉ်များကို ရပ်ဆိုင်းလိုက်ရသည်။ ထိုသို့ လေကြောင်းလိုင်းများ ပိတ်ထားခြင်းကြောင့် ဒူဘိုင်းသို့ အလုပ်အကိုင်နှင့် ခရီးသွားလာရန် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသား အမြောက်အမြားမှာလည်း စစ်မီးကြားတွင် ပိတ်မိသွားမည်ကို အထူးစိုးရိမ်ပူပန်နေကြသည်။"ဒီမှာက အခြေအနေက တော်တော်လေးကို ကြောက်ဖို့ကောင်းနေပြီ။ အခု လေကြောင်းလိုင်းတွေလည်း အကုန်ပိတ်ထားတော့ နယ်စပ်တွေပါ ပိတ်သွားရင် ပြန်လမ်းမရှိမှာကို အားလုံးက စိုးရိမ်နေကြတာပါ" ဟု ဒူဘိုင်းရောက် မြန်မာလုပ်သားတစ်ဦးက ပြောကြားသည်။

news-view-count-icon

53