back

ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်တက္ကသိုလ် (၁၇)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

Mar 01 • 1:28 AM

breaking-news

Myanmar

Kayah

cover

ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်တက္ကသိုလ် (၁၇)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

ကယားပြည်နယ် လွိုင်ကော်တက္ကသိုလ်၏ (၁၇)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးခ...

ကယားပြည်နယ် လွိုင်ကော်တက္ကသိုလ်၏ (၁၇)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ လွိုင်ကော်တက္ကသိုလ်မှ ပညာရေးအဖွဲ့နှင့် စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဘွဲ့ရကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြသည်။ဘွဲ့နှင်းသဘင်အခမ်းအနားအား အစီအစဉ်များအတိုင်းကျင်းပခဲ့ပြီးနောက် မဟာဝိဇ္ဇာဘွဲ့ရရှိသူ (၁)ဦး၊ မဟာသိပ္ပံဘွဲ့ရရှိသူ (၆)ဦး၊ သိပ္ပံဂုဏ်ထူးဘွဲ့ရရှိသူ (၃)ဦး၊ ၀ိဇ္ဇာဘွဲ့ရရှိသူ (၈)ဦး၊ သိပ္ပံဘွဲ့ရရှိသူ (၂၁)ဦး၊ အဝေးရောက်ဘွဲ့ယူရန် လျှောက်ထားကြသော မဟာသိပ္ပံဘွဲ့ရရှိသူ (၂)ဦး၊ ၀ိဇ္ဇာဂုဏ်ထူးဘွဲ့ရရှိသူ (၁)ဦး၊ သိပ္ပံဂုဏ်ထူးဘွဲ့ရရှိသူ (၂)ဦး၊ ၀ိဇ္ဇာဘွဲ့ရရှိသူ (၂)ဦး၊ သိပ္ပံဘွဲ့ရရှိသူ (၁၄)ဦး စုစုပေါင်း(၆၀)ဦးတို့အား ဘွဲ့များချီးမြှင့်အပ်နှင်းကာ ဘွဲ့ရရှိသူများစာရင်းကို အတည်ပြုလက်မှတ်ရေးထိုးပေးခဲ့သည်။

news-view-count-icon

13