နေရာဒေသ အသီးသီးမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် လူမှုကရုဏာအကူအညီလိုအပ်တဲ့ ရပ်ရွာလူထုကို နေ့စဥ် ကြိုးစားကူညီပေးလျက်ရှိပါတယ်။ဖေဖော်ဝါရီလ(၂၈)ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်တွင် လူနာ(၆)ဦးကို ထားဝယ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီလူနာတင်ယာဥ်ဖြင့် ဆေးရုံ၊ ဆေးခန်းများသို့ ကူညီပို့ဆောင်ပေးခဲ့ပါတယ်။
ကြက်ခြေနီလူနာတင်ယာဉ်အကူအညီတောင်းခံလိုပါက ထားဝယ်မြို့နယ်ကြက်ခြေနီအသင်းခွဲ 09-686999227
09-777974434 များသို့ ဆက်သွယ်လို့ရပါတယ်ဟုသိရပါတယ်။



