ရခိုင်ပြည်နယ်အတွင်း ရွှေဈေးကွက်တွင် ဝယ်ယူသူထက် ပြန်ရောင်းသူနှင့် ပေါင်းနှံသူ ပိုများနေသည့်အတွက် ရန်ကုန်ပေါက်ဈေးထက် လျော့သော ဈေးနှုန်းဖြင့်သာ အရောင်းအဝယ် ဖြစ်နေကြောင်း ရွှေဆိုင်ပိုင်ရှင်များနှင့် ဒေသခံများထံမှ သိရသည်။လက်ရှိတွင် ရန်ကုန်ရွှေဈေးကွက်၌ ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ်သိန်း ၁၀၀ အထက်တွင် ဈေးမြင့်တက်နေသော်လည်း ရခိုင်တွင်မူ ငွေသားလိုအပ်ချက်ကြောင့် ဈေးလျှော့ရောင်းချနေရသည်ဟု မြေပုံမြို့နယ်မှ အသက် ၃၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။ဒေသခံများသည် စားဝတ်နေရေး ကျပ်တည်းမှုနှင့် ကျန်းမာရေးစရိတ် လိုအပ်ချက်များကြောင့် ပိုင်ဆိုင်ထားသည့် ရွှေထည်များကို ထုတ်ရောင်းနေကြခြင်း ဖြစ်သည်ဟု မင်းပြားမြို့မှ အသက် ၄၀ အရွယ် ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
Mar 01 • 1:20 AM
Myanmar
Local
Share
| 23 | 0 | 0 | 0 |


