မန္တလေးငလျင်ကြီးကြောင့် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး သည်လည်း ပျက်စီးမှုများစွာဖြစ်ခဲ့ရသည်။ ကျောက်ထွင်းပန်းချီကားများကွဲကုန်ခြင်း၊ကုန်းတော်၏တောင်ဖက်ခြမ်းနိမ့်ဆင်းသွားခြင်း၊တိုင်းလုံးကြီးများအက်သွားခြင်း၊ ပရိဝုဏ်အတွင်းရှိ သာသနိကအဆောက်အဦများလည်း ပျက်စီးခြင်းတို့ဖြစ်ပေါ်ခဲ့သည်။
ငလျင်ကြီး အပြီး ၁၁ လ ကြာသည်အထိ ဥပ္ပါတသန္တိစေတီတော်ကြီးမှာ ပြင်ဆင်နေရဆဲဖြစ်သည်။ပြင်ဆင်နေမှုများကို ဖေါ်ပြအပ်ပါသည်။ပြင်ဆင်နေဆဲဖြစ်၍ ဘုရားပေါ်သို့ ရုံးပိတ်ရက်များတွင်သာ ဘုရားဖူးများတက်ခွင့်ပေးကြောင်းသိရသည်။



