back

ကောင်းမှုတော်စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား စစ်ကိုင်းမြို့တွင်း လှည့်လည်ပူဇော်ပြီး စေတီတော်ကြီးသို့ပင့်ဆောင်

Feb 28 • 5:02 PM

breaking-news

Myanmar

Sagaing

cover

ကောင်းမှုတော်စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား စစ်ကိုင်းမြို့တွင်း လှည့်လည်ပူဇော်ပြီး စေတီတော်ကြီးသို့ပင့်ဆောင်

မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သည့် ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်မြတ်ကြီးတွင် တင်လှူပူဇော်မည့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့...

မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သည့် ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်မြတ်ကြီးတွင် တင်လှူပူဇော်မည့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား စစ်ကိုင်းမြို့တွင်းလှည့်လည်ပူဇော်ခြင်းနှင့် စေတီတော်ကြီးသို့ပင့်ဆောင်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့ ဖေဖော်ဝါရီ ၂၈ ရက်နံနက်ပိုင်းက သီတဂူဝိပဿနာတက္ကသိုလ်တွင် ဆင်ယင်ကျင်းပခဲ့သည်။ထို့နောက် သီတဂူဆရာတော်ကြီးနှင့် တိုင်းဝန်ကြီးချုပ်၊ အလှူရှင်များက စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား စစ်ကိုင်းမြို့တွင်းလှည့်လည်ပူဇော်ရန် မော်တော်ယာဉ်ပေါ်သို့ပင့်ဆောင်ခဲ့ကြပြီးနောက် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး သီတဂူဝိပဿနာတက္ကသိုလ်မှ ကျော်ထက်လမ်းဆုံ၊ ကမ်းနားလမ်းနှင့် စစ်ကိုင်း-မုံရွာ ကားလမ်းတစ်လျှောက် စူဠာမဏိကောင်းမှုတော်စေတီတော်မြတ်ကြီးသို့ လှည့်လည်ပူဇော်ခဲ့ကြသည်။



news-view-count-icon

17