back

ရုပ်ရှင်၊ ဇာတ်သဘင် အနုပညာရှင်များနှင့် မသန်စွမ်းသူအသင်းအဖွဲ့များအကြား အပြန်အလှန် ကိုယ်ချင်းစာစိတ်ဖြင့်လက်တွဲဆောင်ရွက်သွားမည်ဟု MFPD ကြေညာ

Feb 28 • 4:34 PM

breaking-news

Myanmar

Local

cover

ရုပ်ရှင်၊ ဇာတ်သဘင် အနုပညာရှင်များနှင့် မသန်စွမ်းသူအသင်းအဖွဲ့များအကြား အပြန်အလှန် ကိုယ်ချင်းစာစိတ်ဖြင့်လက်တွဲဆောင်ရွက်သွားမည်ဟု MFPD ကြေညာ

ရုပ်ရှင်၊ ဇာတ်သဘင် အနုပညာရှင်များနှင့် မသန်စွမ်းသူအသင်းအဖွဲ့များအကြား တစ်ဦးအပေါ်တစ်ဦး အပြန်အလှန် ကိုယ်ချင်းစာစိတ်ထားရှိကာ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြ...

ရုပ်ရှင်၊ ဇာတ်သဘင် အနုပညာရှင်များနှင့် မသန်စွမ်းသူအသင်းအဖွဲ့များအကြား တစ်ဦးအပေါ်တစ်ဦး အပြန်အလှန် ကိုယ်ချင်းစာစိတ်ထားရှိကာ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်ကအသိ ပေးကြေညာသည်။ဆွေးနွေးပွဲတွင် ဇာတ်သဘင်မင်းသား အောင်ဇဗ္ဗူက မသန်စွမ်းသူများနှင့် မိဘများအား သူ၏ သရုပ်ဆောင်ခဲ့မှုအတွက် စိတ်မကောင်းကြောင်း၊ မရည်ရွယ်ပဲဖြစ်ခဲ့၍ တောင်းပန်ကြောင်း၊ အောင်ဇဗ္ဗူဇာတ်အဖွဲ့သားများအကြား အသိပညာပေး အစီအစဉ်များကို ဆက်လက်ဆောင်ရွက်မည်ကြောင်းပြောကြားခဲ့သည်ဟု ဆိုသည်။ထို့ပြင် အလားတူဖြစ်ရပ်မျိုး အောင်ဇဗ္ဗူဇာတ်သဘင်တွင် ထပ်မံမဖြစ်စေရန် စီမံဆောင်ရွက်မည်ကြောင်း၊ မသန်စွမ်းသူများ အခွင့်အရေးနှင့် မသန်စွမ်းသူများအရေးအတွက် အနာဂတ်တွင် အတူလက်တွဲဆောင်ရွက်မည်ဟု ပြောကြားခဲ့သည်။




news-view-count-icon

20