မကွေးတိုင်း၊ မင်းဘူးမြို့ရှိ မြို့မစျေးကို အဆင့်မြင့်ဈေးဆိုင်ခန်းများအဖြစ် ပြောင်းလဲတည်ဆောက်လျက်ရှိသည်ဟု သိရသည်။ထိုသို့တည်ဆောက်မှုကို ၂၀၂၅-၂၀၂၆ ဘဏ္ဏာနှစ်အတွင်း ဖေဖော်ဝါရီလကုန်မှ စတင် တည်ဆောက်သွားမည်လည်း ဖြစ်သည်။တည်ဆောက်မှုတွင် စျေးဆိုင်ခန်း ၅၈ ခန်း တည်ဆောက်မည်ဖြစ်ကာ (၁၀ပေ ၁၇ပေ) ရှိကာ နှစ်ထပ်အဆောက်အဦးလည်း ဖြစ်သည်ဟု သိရသည်။အဓိကကတော့ ပျံကျစျေးနေရာကို အဆင့်မြင့်စျေးခေါ်တာပေါ့နော်၊ Shop house ဆောက်ခြင်းဖြစ်ပါတယ်၊ စျေးဆိုင်ခန်းတွေချတဲ့အခါ မဲစနစ်သုံးမယ်၊ အထဲမှာရောင်းဝယ်ဖောက်ကားတာရှိပြီးသားဆို ကျွန်တော်တို့မပေးဘူး၊ စည်းမျဉ်းစည်းကမ်းတွေ သေချာချဆောင်ရွက်ပြီးမှ ပေးမှာပါ” ဟု မင်းဘူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှပြောသည်။ထိုသို့တည်ဆောက်လိုက်သည့်အတွက် မင်းဘူးမြို့မစျေးအတွင်း ပျံကျစျေးသည်များရှိတော့မည်မဟုတ်ဘဲ စျေးအတွင်း သန့်ရှင်းသပ်ရပ်စွာ ရောင်းဝယ်ဖောက်ကားနိုင်မည်ဟုလည်း သိရသည်။



