back

ရာဇသတ်ကြီးဥပဒေသစ်များ အာဖဂန်တာလီဘန် ထုတ်ပြန်၊ကြက်ပွဲနှင့် ဇနီးရိုက်မှုတို့အတွက် ပြစ်ဒဏ်များသတ်မှတ်

Feb 28 • 7:13 AM

breaking-news

Myanmar

International

cover

ရာဇသတ်ကြီးဥပဒေသစ်များ အာဖဂန်တာလီဘန် ထုတ်ပြန်၊ကြက်ပွဲနှင့် ဇနီးရိုက်မှုတို့အတွက် ပြစ်ဒဏ်များသတ်မှတ်

တိရစ္ဆာန်များအား ညှဉ်းပန်းနှိပ်စက်မှု၊ အိမ်တွင်းအကြမ်းဖက်မှုများအတွက် ရာဇသတ်ကြီး ဥပဒေသစ်ကိုအာဖဂန်တာလီဘန်အဖွဲ့က ထုတ်ပြန်ထားကြောင်း ဖေဖော်ဝါရီ ၂၆ ရက် သတင်းများတွင...

တိရစ္ဆာန်များအား ညှဉ်းပန်းနှိပ်စက်မှု၊ အိမ်တွင်းအကြမ်းဖက်မှုများအတွက် ရာဇသတ်ကြီး ဥပဒေသစ်ကိုအာဖဂန်တာလီဘန်အဖွဲ့က ထုတ်ပြန်ထားကြောင်း ဖေဖော်ဝါရီ ၂၆ ရက် သတင်းများတွင် ရေးသားတင်ပြထားသည်။တာလီဘန်အစိုးရ၏ အထက်ပါရာဇသတ်ကြီး ဥပဒေသစ်များတွင်တိရစ္ဆာန် ညှဉ်းပန်း နှိပ်စက်မှုအတွက်သတ်မှတ်ထားသော ပြစ်ဒဏ်မှာအမျိုးသမီးများအပေါ် ကျူးလွန်သည့် အိမ်တွင်းအကြမ်းဖက်မှုများအတွက်သတ်မှတ်ထားသော ပြစ်ဒဏ်ထက်ပိုပြင်းထန်နေကြောင်း သိရသည်။တာလီဘန်အစိုးရ ရာဇသတ်ကြီးဥပဒေသစ်များအရ ဇနီးဖြစ်သူအား သွေးထွက်သံယို ဖြစ်စေသည်အထိရိုက်နှက်သော အမျိုးသားများကိုထောင်ဒဏ် ၁၅ ရက် ပြစ်ဒဏ်ပေး နိုင်မည်ဖြစ်သည်။တိရစ္ဆာန်များအားညှဉ်းပန်းနှိပ်စက်ရာ ရောက်သောကြက်တိုက်ပွဲ၊ ငှက်တိုက်ပွဲ များပြုလုပ်သူမည်သူ့ကိုမဆို ထောင်ဒဏ်ငါးလအထိအပြစ်ပေးရန် တာလီဘန်ရာဇသတ်ကြီး ဥပဒေသစ်များ၌ပြဋ္ဌာန်းထားသည်။ကြက်တိုက်ပွဲများသည် အာဖဂန်နစ္စတန်နိုင်ငံ၌ လူကြိုက်များသော်လည်း အာဖဂန်တာလီဘန်အုပ်စုက၂၀၂၁ ခုနှစ်မှစ၍ ပိတ်ပင်ထားသည်။တာလီဘန်အဖွဲ့၏ အထက်ပါရာဇသတ်ကြီး ဥပဒေများကို တရားဥပဒေရှေ့မှောက်၌ အမျိုး သားနှင့်အမျိုးသမီး တန်းတူအခွင့်အရေးရှိမှုကိုပယ်ဖျက်လိုက်သည့် ဥပဒေများအဖြစ် ကုလသမဂ္ဂတာဝန်ရှိသူများက ဝေဖန်ထားသည်။


news-view-count-icon

22