back

အမေရိကန်ဒေါ်လာ ၃ သန်းနီးပါး ဗဟိုဘဏ် ရောင်းပေးခဲ့

Feb 28 • 7:09 AM

breaking-news

Myanmar

Local

breaking-news
cover

အမေရိကန်ဒေါ်လာ ၃ သန်းနီးပါး ဗဟိုဘဏ် ရောင်းပေးခဲ့

CMP ကုမ္ပဏီတွေဆီက ဝယ်ယူထားတဲ့ နိုင်ငံခြားငွေတွေထဲက အမေရိကန်ဒေါ်လာ ၁.၉၅၆ သန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ စားသုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတ...

CMP ကုမ္ပဏီတွေဆီက ဝယ်ယူထားတဲ့ နိုင်ငံခြားငွေတွေထဲက အမေရိကန်ဒေါ်လာ ၁.၉၅၆ သန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ စားသုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေထံ ထုတ်ရောင်းပေးခဲ့ပါတယ်။ စက်သုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေကိုလည်း အမေရိကန်ဒေါ်လာ ၁ သန်း ရောင်းပေးခဲ့ပါတယ်။FX Trading မှာ စားသုံးဆီမှ (၁၄%)၊ စက်သုံးဆီမှ (၄၀%)၊ ဆေးဝါးနှင့် ဆေးဝါးကုန်ကြမ်းပစ္စည်းမှ (၂%)၊ ဆောက်လုပ်ရေးပစ္စည်းများမှ (၃%)၊ ဓာတ်မြေဩဇာမှ (၄%)၊ ကား/ဆိုင်ကယ်အပိုပစ္စည်းမှ (၅%)၊ ဆက်သွယ်ရေးလုပ်ငန်းသုံးပစ္စည်းများမှ (၂%)၊ ကတ္တရာမှ (၃%)၊ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများမှ (၂%)၊ ထုတ်ပိုးပစ္စည်းများမှ (၂%)၊ စက်မှုကုန်ကြမ်းမှ (၂%)၊ စားသုံးကုန်စည်များမှ (၂%)၊ အခြားကုန်စည်များနှင့် Non Trade Transation များမှ (၁၉%) အသီးသီး နိုင်ငံခြားငွေ ဝယ်ယူရရှိခဲ့ပါတယ်။ဗဟိုဘဏ်အနေနဲ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့၊ FX Trading Platform မှာတော့ အမေရိကန်ဒေါ်လာငွေလဲနှုန်းကို ၃,၆၅၆ ကျပ် သတ်မှတ်ရောင်းဝယ်ခဲ့ပါတယ်။

news-view-count-icon

25