တူရကီ အစ္စတန်ဘူလ်အနီး မာမရာပင်လယ်အောက်မှ မြောက်အန်နာတိုလီယန်ပြတ်ရွေ့ကြော(NAF)ဟာ နှစ်ပေါင်း ၂၅၀ ကျော်ကြာအောင် အဓိကငလျင်ကြီး မဖြစ်ခဲ့ပါဘူး။
ဒီအောက်မှာ ဖိအားတွေ များလာပြီး အနီးနားက အပိုင်းတွေကတော့ အနောက်ဘက်ဆီ ဖောက်ထွက်လာပါတယ်။ တိုကျိုသိပ္ပံတက္ကသိုလ်မှ သုတေသီတွေက လျှပ်စစ်သံလိုက် x-rays များအသုံးပြုပြီး ဒီပြတ်ရွေ့ကြောရဲ့ မမြင်ရတဲ့ အစိတ်အပိုင်းကို တွေ့ရှိခဲ့ပါတယ်။
မာမရာပင်လယ်အောက်ဘက်မှ ထိုအပိုင်းဟာ နောက်ထပ်ဧရာမငလျင်ကြီး အခြေပြုဖွယ်အရှိဆုံးလို့ သိပ္ပံပညာရှင်တွေ ယုံကြည်နေပါတယ်။ မာမရာပင်လယ်အောက်က ပြတ်ရွေ့ကြောရဲ့ ပုံစံအတိအကျကို သိပ္ပံပညာရှင်တွေ ဖန်တီးဖို့ကြိုးစားနေတာ နှစ်နဲ့ကြာပါပြီ။



