ရှမ်းပြည်နယ် (တောင်ပိုင်း၊ တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံတွင် ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါကုသသည့် LA စက်ခန်း တည်ဆောက်နေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။အဆောက်အဦး ဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့ (၁၁) မှ တာဝန်ယူတည်ဆောက်နေသည့် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံတွင် ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါကုသသည့် LA စက်ခန်း တည်ဆောက်ရေးလုပ်ငန်းခွင်ကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။



