၂၈.၂.၂၀၂၆ ရက်နေ့၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့ဟောင်းအတွင်း အလိုတော်ပြည့်ဘုရားကြီးရှိ ဈေးဆိုင်များအား မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ညောင်ဦးမြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များမှ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ မီးသတ်ဆေးဘူးအသုံးပြုမီးငြှိမ်းသတ်ခြင်း၊ 191 Report Mobile Application အသုံးပြု၍ မီးသတ်ဦးစီးဌာနသို့ သတင်းပေးပို့ခြင်းစနစ်အား ရှင်းပြခြင်း၊ ဘုရားဝန်းအတွင်းရှိ မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ ကြံ့ခိုင်ကောင်းမွန်မှု ရှိ/မရှိနှင့် ရေသိုလှောင်ထားရှိမှုအခြေအနေများအား စစ်ဆေးခဲ့ပြီး ဘုရားဂေါပကများ၊ လုံခြုံရေးဝန်ထမ်းများနှင့် စျေးဆိုင်ခန်းများရှိ ဘုရားစျေးသည်များအား လက်တွေ့မီးငြှိမ်းသတ်တတ်စေရေးအတွက် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။



