back

အာဆီယံအမျိုးသမီးဖူဆယ်ပြိုင်ပွဲမှာ မြန်မာအမျိုးသမီးအသင်း အုပ်စုတွင်း (၃) ပွဲစလုံးရှုံးနိမ့်နေ

Feb 28 • 6:29 AM

breaking-news

Myanmar

Local

breaking-news
cover

အာဆီယံအမျိုးသမီးဖူဆယ်ပြိုင်ပွဲမှာ မြန်မာအမျိုးသမီးအသင်း အုပ်စုတွင်း (၃) ပွဲစလုံးရှုံးနိမ့်နေ

၂၀၂၆ အာဆီယံအမျိုးသမီးဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ မြန်မာအမျိုးသမီးဖူဆယ်အသင်းဟာ အုပ်စုတွင်း (၃) ပွဲစလုံး ရှုံးနိမ့်ပြီး အိမ်ပြန်ခဲ့ရပါတ...

၂၀၂၆ အာဆီယံအမျိုးသမီးဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ မြန်မာအမျိုးသမီးဖူဆယ်အသင်းဟာ အုပ်စုတွင်း (၃) ပွဲစလုံး ရှုံးနိမ့်ပြီး အိမ်ပြန်ခဲ့ရပါတယ်။မြန်မာအမျိုးသမီးအသင်းဟာ အုပ်စုအဆင့်မှာ သြစတြေးလျ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်အသင်းတွေနဲ့အတူကျရောက်ခဲ့ပါတယ်။ မြန်မာအမျိုးသမီးအသင်းဟာ အုပ်စုတွင်းမှာ ဖိလစ်ပိုင်အသင်းကို (၀-၁) ဂိုး၊ သြစတြေးလျအသင်းကို (၁-၆) ဂိုး၊ ဗီယက်နမ်အသင်းကို (၂-၅) ဂိုးတွေနဲ့ ရှုံးနိမ့်ပြီး အုပ်စုက ထွက်ခဲ့ရတာဖြစ်ပါတယ်။၂၀၂၆ အာဆီယံအမျိုးသမီးဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို ပြီးခဲ့တဲ့ဖေဖော်ဝါရီ (၂၄) ရက်ကစပြီး ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတာဖြစ်ပါတယ်။ မြန်မာအမျိုးသမီးအသင်းကို ပြည်တွင်းနည်းပြ ဒေါ်ဝါဝါခိုင်က တာဝန်ယူကိုင်တွယ်နေတာဖြစ်ပါတယ်။

မြန်မာအမျိုးသမီးအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၅ ထိုင်းဆီးဂိမ်းစ်အမျိုးသမီးဖူဆယ်ပြိုင်ပွဲမှာလည်း အုပ်စုတွင်းမှာ အင်ဒိုနီးရှားအသင်းကို (၀-၄) ဂိုး၊ ဗီယက်နမ်အသင်းကို (၂-၄) ဂိုးတွေနဲ့ ရှုံးနိမ့်ထားခဲ့ပါတယ်။ အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) ဟာ အာဆီယံအမျိုးသမီးဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို ၂၀၂၄ ခုနှစ်က ပထမအကြိမ်ကျင်းပခဲ့ပြီး အခု ၂၀၂၆ ခုနှစ်မှာ ဒုတိယအကြိမ် ကျင်းပတာဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် ပထမအကြိမ်ပြိုင်ပွဲတုန်းက မြန်မာအမျိုးသမီးအသင်းဟာ စတုတ္ထနေရာ ရရှိခဲ့ပါတယ်။


news-view-count-icon

24