back

ပါကစ္စတန်နှင့် ဆွေးနွေးမှုများအတွက်လမ်းဖွင့်ထားဟုတာလီဘန် ဘက်မှဆိုလာ

Feb 28 • 6:23 AM

breaking-news

Myanmar

International

cover

ပါကစ္စတန်နှင့် ဆွေးနွေးမှုများအတွက်လမ်းဖွင့်ထားဟုတာလီဘန် ဘက်မှဆိုလာ

တင်းမာမှုများနှင့် လက်တုန့်ပြန်တို-က်ခိုက်မှုများသည် လအတန်ကြာ ပေါ်ပေါက်ခဲ့ပြီးနောက်တွင် ပါကစ္စတန်ကာကွယ်ရေးဝန်ကြီးက အိမ်နီးချင်းနိုင်ငံကို စစ်ကြေညာခဲ့ကာ အဓိကမြို...

တင်းမာမှုများနှင့် လက်တုန့်ပြန်တို-က်ခိုက်မှုများသည် လအတန်ကြာ ပေါ်ပေါက်ခဲ့ပြီးနောက်တွင် ပါကစ္စတန်ကာကွယ်ရေးဝန်ကြီးက အိမ်နီးချင်းနိုင်ငံကို စစ်ကြေညာခဲ့ကာ အဓိကမြို့ကြီးများကို ဗုံးကြဲတို-က်ခိုက်ခဲ့ပြီးနောက် ၎င်းတို့အနေဖြင့် ပါကစ္စတန်နှင့် စေ့စပ်ညှိနှိုင်းမှုများလုပ်ရန် ဆန္ဒရှိကြောင်း အာဖဂန်နစ္စတန်၏ တာလီဘန်ခေါင်းဆောင်များက ပြောကြားခဲ့သည်။

ပါကစ္စတန်သည် တာလီဘန်ခေါင်းဆောင်များ အခြေစိုက်ရာ အာဖဂန်မြို့တော်ကဘူးလ်နှင့် ကန်ဒါဟာအပြင် အခြားမြို့များကိုပါ ဗုံးကြဲတိုက်ခိုက်ခဲ့သကဲ့သို့ နှစ်နိုင်ငံနယ်စပ်တလျှောက်တွင်လည်း တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေခဲ့သည်။ နှစ်ဖက်စလုံးက ထိခိုက်ကျဆုံးမှုများ ကြီးမားစွာရှိနေကြောင်း သတင်းများထုတ်ပြန်ခဲ့သည်။ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး ခါဝါဂျာ အဆစ်ဖ်က တာလီဘန်အစိုးရနှင့် အလုံးစုံ ထိပ်တို-က်ရင်ဆိုင်ပြီဟု ကြေညာခဲ့ကာ ယခုအခါ “သင်တို့နှင့် ကျွန်ပ်တို့အကြား စစ်ခင်းပြီ” ဟု X ပေါ်ပို့စ်တင်ခဲ့သည်။ တာလီဘန်ခေါင်းဆောင်များသည် အကြမ်းဖက်မှုကို အဆုံးသတ်စေရန်အတွက် ပါကစ္စတန်နှင့် စေ့စပ်ညှိနှိုင်းသွားရန် အသင့်ရှိကြောင်း အာဖဂန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ်က ပြောကြားခဲ့သည်။ပြီးခဲ့သည့် သီတင်းပတ်အကုန်က ပါကစ္စတန်သည် အာဖဂန်နယ်မြေအတွင်း လေကြောင်းတို-က်ခိုက်မှုများလုပ်ခဲ့ကာ ကြာသပတေးနေ့တွင် အာဖဂန်က နယ်စပ်တလျှောက်၌ လက်စားချေတို-က်ခိုက်မှုများလုပ်ခဲ့ပြီးနောက်တွင် ယခုပဋိပက္ခပေါ်ပေါက်လာခဲ့သည်။ အာဖဂန်သည် ပါကစ္စတန်တာလီဘန်တိုက်ခိုက်ရေးသမားများကို ၎င်းတို့နယ်မြေအတွင်း ခိုလှုံခွင့်ပေးထားသည်ဟူသော ပါကစ္စတန်၏ စွပ်စွဲချက်နှင့် ပတ်သက်၍ ကာလကြာရှည် တင်းမာမှုများသည် အရှိန်မြင့်တက်ခဲ့ပြီး အာဖဂန်ဘက်ကမူ ထိုစွပ်စွဲချက်ကို ငြင်းဆိုခဲ့သည်။


news-view-count-icon

21