အီရန်က သင်္ဘောဖျက်ပဲ့ထိန်းဒုံးကျည်များ ဝယ်ယူရန် တရုတ်နဲ့ သဘောတူညီချက်ရရှိဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ အမေရိကန်က အီရန်ကို တိုက်ခိုက်ရန် ခြိမ်းခြောက်နေကာ အရှေ့အလယ်ပိုင်းမှာ စစ်ရေးအင်အားအများဆုံး ချထားပါတယ်။ ၁၉၈၀ ဝန်းကျင်တွေမှာ တရုတ်က အီရန်အတွက် အဓိကလက်နက်တွေ ထောက်ပံ့ခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံတကာဖိအားတွေကြောင့် ရပ်ဆိုင်းခဲ့ပါတယ်။ တရုတ်ထုတ် CM-302 ဒုံးကျည်များ သဘောတူညီချက် နီးစပ်နေပြီး ပေးပို့မယ့်နေ့တော့ မသိရသေးပါဘူး။ CM-302 အပြင် MANPADS လို့ခေါ်တဲ့ မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်စနစ်များ၊ ဂြိုဟ်တုဖျက်လက်နက်များအတွက်လည်း ဆွေးနွေးနေပါတယ်။



