back

ချင်းမိုင်မြို့တွင် ကျားဖြန့်ဂိုဏ်းနှင့် ဆက်စပ်၍ ငွေလာထုတ်သည့် မြန်မာနိုင်ငံသား ၂ ဦးအပါအဝင် ၄ ဦးကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး

Feb 28 • 5:26 AM

breaking-news

Thailand

Local News

cover

ချင်းမိုင်မြို့တွင် ကျားဖြန့်ဂိုဏ်းနှင့် ဆက်စပ်၍ ငွေလာထုတ်သည့် မြန်မာနိုင်ငံသား ၂ ဦးအပါအဝင် ၄ ဦးကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ Krung Thai ဘဏ်ခွဲတစ်ခုတွင် ဖေဖော်ဝါရီ ၂၇ ရက်က ငွေလာရောက်ထုတ်ယူသည့် မသင်္ကာဖွယ်အမျိုးသမီးတစ်ဦးကို စစ်ဆေးရာမှတစ်ဆင့် ငွေကြေးခဝါခ...

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ Krung Thai ဘဏ်ခွဲတစ်ခုတွင် ဖေဖော်ဝါရီ ၂၇ ရက်က ငွေလာရောက်ထုတ်ယူသည့် မသင်္ကာဖွယ်အမျိုးသမီးတစ်ဦးကို စစ်ဆေးရာမှတစ်ဆင့် ငွေကြေးခဝါချမှုတွင် ပါဝင်နေသည့် မြန်မာနိုင်ငံသား ၂ ဦးအပါအဝင် စုစုပေါင်း ၄ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ ဖမ်းဆီးရမိသူများထဲတွင် ငွေကြေးစီမံပေးသူ မြန်မာနိုင်ငံသားခေါင်းဆောင်တစ်ဦး ပါဝင်ပြီး ၎င်းတို့သည် တရုတ်ဂိုဏ်းချုပ်၏ နောက်ကွယ်မှ စေခိုင်းမှုဖြင့် ဆာရာဘူရီမြို့နယ်မှ နစ်နာသူတစ်ဦး၏ ဘတ် ၂ ဒသမ ၄ သန်း ဆုံးရှုံးခဲ့သည့်အမှုနှင့် ဆက်စပ်နေကြောင်း သိရသည်။ လက်ရှိတွင် ဖမ်းဆီးရမိထားသူများကို ရာဇဝတ်မှုကျူးလွန်ရန် ပူးပေါင်းကြံစည်မှု၊ လူဝင်မှုကြီးကြပ်ရေးဥပဒေချိုးဖောက်မှုတို့ဖြင့် အရေးယူနိုင်ရန် ချင်းမိုင်မြို့နယ်ရဲစခန်းသို့ လွှဲပြောင်းပေးထားပြီး ကျန်ရှိနေသည့် ဂိုဏ်းဝင်များကိုလည်း ဆက်လက်စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

21