back

Delo Myanmar garment စက်ရုံ စူပါများ လစာအစွန်းထွက် ဖြတ်ယူ နေ

Feb 28 • 5:27 AM

breaking-news

Myanmar

Yangon

cover

Delo Myanmar garment စက်ရုံ စူပါများ လစာအစွန်းထွက် ဖြတ်ယူ နေ

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေသံလွှင်စက်မှုဇုန်ရှိ Delo Myanmar Garment အထည်ချုပ်စက်ရုံတွင် လိုင်းစူပါများက အလုပ်သမားများ၏ လစာအစွန်းထွက်ငွေများကို ဖြတ်ယ...

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေသံလွှင်စက်မှုဇုန်ရှိ Delo Myanmar Garment အထည်ချုပ်စက်ရုံတွင် လိုင်းစူပါများက အလုပ်သမားများ၏ လစာအစွန်းထွက်ငွေများကို ဖြတ်ယူခြင်း၊ ဆေးဖိုးအမည်တပ်၍ ငွေကောက်ခံခြင်းနှင့် ၎င်းတို့ရောင်းချသည့် ပစ္စည်းများကို အဓမ္မဝယ်ယူခိုင်းခြင်းများ ပြုလုပ်နေကြောင်း အလုပ်သမားများက မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) သို့ ပြောကြားထားသည်။ ထို့ပြင် အဆိုပါစက်ရုံတွင် အချိန်ပို (OT) ကို ညသန်းခေါင်အထိ ဆင်းခိုင်းခြင်း၊ နေမကောင်းသူများကို ပြန်ခွင့်မပေးခြင်း၊ အိမ်သာသွားရာတွင် နောက်မှလိုက်ကြည့်ခြင်းနှင့် အလုပ်သမားအခွင့်အရေးဖြစ်သော ခွင့်ခံစားခွင့်များကို ပိတ်ပင်ကာ ရက်ပျက်ပါက ဒေးကြေးနှင့် ရက်မှန်ကြေးများကို အဆမတန် ဖြတ်တောက်ခြင်းများ ကြုံတွေ့နေရသော်လည်း စက်ရုံတာဝန်ရှိသူများက တစ်စုံတစ်ရာ ဖြေရှင်းပေးခြင်း မရှိကြောင်း သိရသည်။

news-view-count-icon

14