၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်နှစ်နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့သည့် MCCT အစီအစဉ်အရ အကျိုးခံစားခွင့်ရှိသူ ၁၂၉,၃၅၅ ဦးအတွက် စုစုပေါင်းထောက်ပံ့ငွေ ကျပ်သန်း ၁၂,၀၁၆ ဒသမ ၃၉၅ ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ပြောကြားသည်။ ဖေဖော်ဝါရီ ၂၇ ရက်က ကျင်းပသည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါအစီအစဉ်သည် မိခင်နှင့် ကလေးများ၏ အာဟာရနှင့် ကျန်းမာရေးဖွံ့ဖြိုးမှုအတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။


