back

ခြေစမ်းပွဲမှာ ကွင်းအတွင်းဝင်လာသူ တစ်ဦးကြောင့် မက်ဆီ လှဲချခံခဲ့ရ

Feb 28 • 5:25 AM

breaking-news

Myanmar

International

cover

ခြေစမ်းပွဲမှာ ကွင်းအတွင်းဝင်လာသူ တစ်ဦးကြောင့် မက်ဆီ လှဲချခံခဲ့ရ

အင်တာမိုင်ယာမီအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီသည် ပွာတိုရီကိုတွင် ကစားသည့် Independiente del Valle အသင်းနှင့် ခြေစမ်းပွဲ၌ ကွင်းအတွင်း ပြေးဝင်လာသည့် ပရိသတ်တစ်ဦးကြ...

အင်တာမိုင်ယာမီအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီသည် ပွာတိုရီကိုတွင် ကစားသည့် Independiente del Valle အသင်းနှင့် ခြေစမ်းပွဲ၌ ကွင်းအတွင်း ပြေးဝင်လာသည့် ပရိသတ်တစ်ဦးကြောင့် ဆွဲလှဲချခံခဲ့ရကြောင်း သိရသည်။ ပွဲပြီးခါနီးအချိန်တွင် လူငယ်ပရိသတ်အချို့ ကွင်းအတွင်းပြေးဝင်လာစဉ် ပရိသတ်တစ်ဦးက မက်ဆီကို နောက်မှပြေးဖက်ခဲ့ပြီး လုံခြုံရေးဝန်ထမ်းက အဆိုပါပရိသတ်ကို ဖမ်းဆီးရန် ကြိုးပမ်းရာမှ မက်ဆီပါ ကွင်းအတွင်း လဲကျသွားခဲ့ခြင်းဖြစ်သည်။ တံကောက်ကြောဒဏ်ရာမှ ပြန်လည်သက်သာလာပြီးနောက် လူစားဝင်ကစားခဲ့သည့် မက်ဆီသည် အဆိုပါပွဲတွင် ပယ်နယ်တီတစ်ဂိုး သွင်းယူပေးခဲ့ကာ အင်တာမိုင်ယာမီအသင်းက ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

news-view-count-icon

14