back

တရုတ်ဈေးကွက်၌ ဖရဲနှင့်သခွားမွှေးဈေးနှုန်းများ ကျဆင်းနေ

Feb 28 • 4:20 AM

breaking-news

China

Local News

cover

တရုတ်ဈေးကွက်၌ ဖရဲနှင့်သခွားမွှေးဈေးနှုန်းများ ကျဆင်းနေ

တရုတ်နှစ်သစ်ကူးပွဲတော်ကာလအပြီးတွင် တရုတ်ဈေးကွက်၌ မြန်မာ့ဖရဲနှင့် သခွားမွှေးဈေးနှုန်းများ ကျဆင်းနေကြောင်း နယ်စပ်သစ်သီးဝလံကုန်သည်များထံမှ သိရသည်။ တရုတ်အကောက်ခွန် ...

တရုတ်နှစ်သစ်ကူးပွဲတော်ကာလအပြီးတွင် တရုတ်ဈေးကွက်၌ မြန်မာ့ဖရဲနှင့် သခွားမွှေးဈေးနှုန်းများ ကျဆင်းနေကြောင်း နယ်စပ်သစ်သီးဝလံကုန်သည်များထံမှ သိရသည်။ တရုတ်အကောက်ခွန် စစ်ဆေးမှုတင်းကြပ်ခြင်းကြောင့် မိုင်းလားနယ်စပ်တွင် ကုန်တင်ကားများစွာ ပိတ်မိခဲ့ပြီး သစ်သီးအရည်အသွေး ကျဆင်းခဲ့ခြင်း၊ လာအိုဖရဲသီးများ ဝင်ရောက်မှုများပြားခြင်းနှင့် ဝယ်လိုအားနည်းပါးခြင်းတို့ကြောင့် ဈေးနှုန်းများ ကျဆင်းရခြင်းဖြစ်သည်ဟု ကုန်သည်များက ပြောကြားခဲ့သည်။ လက်ရှိတွင် ဖရဲသီးတစ်စီးလျှင် ယွမ် ၃၀,၀၀၀ မှ ၄၅,၀၀၀ ကြားနှင့် သခွားမွှေးတစ်ကီလိုလျှင် ၄ ယွမ်ဝန်းကျင်သာ ရရှိတော့သဖြင့် ကုန်သည်များအနေဖြင့် ဈေးကွက်အခြေအနေကို စောင့်ကြည့်ပြီးမှသာ တင်ပို့ရန် အကြံပြုထားသည်။

news-view-count-icon

7