back

ပွဲစားခ ဘတ်၂သောင်းကျော် ပေးပြီး ထိုင်းသို့လာသော မြန်မာလုပ်သား ၁၁ ဦး အဖမ်းခံရ

Feb 28 • 4:21 AM

breaking-news

Thailand

Local News

cover

ပွဲစားခ ဘတ်၂သောင်းကျော် ပေးပြီး ထိုင်းသို့လာသော မြန်မာလုပ်သား ၁၁ ဦး အဖမ်းခံရ

ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာလုပ်သား ၁၁ ဦးကို ထိုင်းအာဏာပိုင်များက ဖေဖော်ဝါရီ ၂၆ ရက် ညနေပိုင်းတွင် ဖမ်းဆီး...

ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာလုပ်သား ၁၁ ဦးကို ထိုင်းအာဏာပိုင်များက ဖေဖော်ဝါရီ ၂၆ ရက် ညနေပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းဒေသတွင်းသတင်းများအရ သိရသည်။ ၎င်းတို့သည် ဘုရားသုံးဆူဘက်မှလာရောက်ပြီး ချွန်ပူရီ၊ ဆူဖန်ပူရီနှင့် မဟာချိုင်တို့တွင် အလုပ်လုပ်ကိုင်ရန်အတွက် ပွဲစားခအဖြစ် တစ်ဦးလျှင် ဘတ် ၂၀,၀၀၀ မှ ၂၂,၀၀၀ ဝန်းကျင် ပေးဆောင်ခဲ့ရခြင်းဖြစ်သည်။ ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးရန် တားဆီးစဉ် ယာဉ်မောင်းမှာ အရှိန်ပြင်းစွာ မောင်းပြေးခဲ့သော်လည်း နောက်ဆုံးတွင် ဖမ်းဆီးနိုင်ခဲ့ပြီး၊ ဖမ်းဆီးရမိသူများကို သောင်ဖာပွန်ရဲစခန်းသို့ လွှဲပြောင်းကာ ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

10