အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) သည် အင်ဒိုနီးရှားနိုင်ငံရှိ Perkasa Flight School နှင့် မြန်မာနိုင်ငံရှိ Aviation Training & Flying Academy တို့နှင့် ပူးပေါင်း၍ Cadet Pilot Program နှင့် Cabin Crew Preparatory Program များ အကောင်အထည်ဖော်ဆောင်ရွက်ရန် သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ ဤသဘောတူညီချက်အရ MAI သည် အင်ဒိုနီးရှားနိုင်ငံတွင် ကျွမ်းကျင်လေယာဉ်မောင်းအရာရှိများ ရေရှည်ပြုစုပျိုးထောင်ရန်အတွက် Perkasa Flight School နှင့် ပူးပေါင်းကာ အခြေခံလေယာဉ်မောင်းသင်တန်းများ (Ab Initio) ကို DGCA စည်းမျဉ်းများနှင့်အညီ သင်ယူစေမည်ဖြစ်ပြီး၊ နောက်ပိုင်းတွင် MAI ၏ လုပ်ငန်းလိုအပ်ချက်များနှင့်အညီ လိုင်စင်ပြောင်းလဲခြင်း၊ Aircraft Type Rating နှင့် Line Training လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။
မြန်မာလေကြောင်း (MAI) ၊ အင်ဒိုနီးရှားနိုင်ငံရှိ Perkasa Flight School နှင့် မြန်မာနိုင်ငံရှိ Aviation Training &Flying Academy တို့ သဘောတူလက်မှတ်ရေးထိုး
Feb 28 • 4:19 AM
Myanmar
Local
Share
| 33 | 0 | 0 | 0 |


