မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မြေငလျင်သတင်းအမှတ်စဉ် (၂၈၃) အရ ဖေဖော်ဝါရီ ၂၈ ရက်၊ နံနက် ၀၆ နာရီ ၅၇ မိနစ် ၄၀ စက္ကန့်တွင် ဝမ်းတွင်းမြို့၏ အရှေ့မြောက်ဘက် (၁၆) မိုင်ခန့်အကွာတွင် အင်အားပမာဏ ရစ်ခ်တာစကေး ၃.၂ ရှိ နောက်ဆက်တွဲမြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း သိရသည်။ အဆိုပါ ငလျင်သည် မြေပြင်အနက် ၁၂ ကီလိုမီတာတွင် ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး၊ ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှု အသေးစိတ်အခြေအနေများကို ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Feb 28 • 4:18 AM
Myanmar
Sagaing
Share
| 15 | 0 | 0 | 0 |


