စင်ကာပူနိုင်ငံ၊ Punggol အရပ်ရှိ Northshore Drive ရှိ HDB တိုက်ခန်းတစ်ခုတွင် အသက် ၇၁ နှစ်အရွယ် ခင်ပွန်းဖြစ်သူနှင့် ၆၆ နှစ်အရွယ် ဇနီးဖြစ်သူတို့ နှစ်ဦးစလုံး သွေးအိုင်ထဲတွင် သေဆုံးနေသည်ကို ဖေဖော်ဝါရီ ၂၇ ရက် နံနက်ပိုင်းတွင် တွေ့ရှိခဲ့ရကြောင်း The Straits Times သတင်းဌာနအရ သိရသည်။ ရဲတပ်ဖွဲ့မှ အခင်းဖြစ်ပွားရာနေရာတွင် သွေးကွက်အမြောက်အမြား တွေ့ရှိခဲ့ရသည့်အတွက် ဤသေဆုံးမှုကို ပုံမှန်မဟုတ်သည့် သေဆုံးမှု (Unnatural Death) အဖြစ် သတ်မှတ်ကာ အထူးစုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။ အိမ်နီးချင်းများ၏ ပြောကြားချက်အရ အဆိုပါဇနီးမောင်နှံမှာ ဖော်ရွေသူများဖြစ်သော်လည်း မကြာသေးမီက ကျန်းမာရေးချို့တဲ့နေကြောင်း သိရပြီး၊ အခင်းဖြစ်ပွားသည့်နေ့ နံနက်အစောပိုင်းတွင် အမျိုးသမီးတစ်ဦး၏ အော်ဟစ်သံကို ကြားခဲ့ရကြောင်း သိရသည်။ ရဲတပ်ဖွဲ့မှ သက်သေခံပစ္စည်းများ သိမ်းဆည်းသွားခဲ့ပြီး၊ အသေးစိတ်အကြောင်းရင်းကို ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
Feb 28 • 4:17 AM
Singapore
Local News
Share
| 7 | 0 | 0 | 0 |


