ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဇွန်လကုန်ပိုင်းကတည်းက ယာယီရပ်ဆိုင်းထားခဲ့ရသည့် တောင်ရှည်တိုက်နယ်ဆေးရုံကို ပြန်လည်ဖွင့်လှစ်ကာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ တိုက်နယ်ဆေးရုံ ပြန်လည်လည်ပတ်နိုင်ခြင်းကြောင့် တောင်ရှည်၊ မဲပုတ်၊ ရေတွင်းကြီးအပါအဝင် အနီးဝန်းကျင်ကျေးရွာအုပ်စုများမှ ဒေသခံ တိုင်းရင်းသားပြည်သူ ၃၀,၀၀၀ ကျော်အတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ပြန်လည်လွှမ်းခြုံပေးနိုင်မည်ဖြစ်သည်။ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကုသရေးဦးစီးဌာနသည် နောင်ချိုမြို့နယ်ပြည်သူ့ဆေးရုံနှင့် သုံးဆယ်တိုက်နယ်ဆေးရုံတို့ကိုလည်း ယခင်က ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
| 23 | 0 | 0 | 0 |


