မြန်မာနိုင်ငံ၏ အကြီးကျယ်ဆုံးသော အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်းနှင့် ပိုစတာပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၇ ရက်တွင် စတင်ကျင်းပခဲ့ရာ ပထမနေ့တွင် အထက်တန်းအဆင့်အပါအဝင် ကျောင်းသား၊ ကျောင်းသူများ စတင်ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသား/သူ ၂,၀၀၀ ကျော်၊ အလယ်တန်းအဆင့် ၂,၀၀၀ ကျော်နှင့် အထက်တန်းအဆင့် ၁,၀၀၀ ကျော် စုစုပေါင်း ၅,၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ကြပြီး၊ မြို့နယ်ကျောင်းအလိုက် ကြီးကြပ်သူ ဆရာ/မ ၁၀၀ ကျော်က ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ အကြီးဆုံး အာကာသဆိုင်ရာ အနုပညာပြိုင်ပွဲ စတင်ကျင်းပ၊ ကျောင်းသား/သူ ၅,၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်
Feb 28 • 4:15 AM
Myanmar
Yangon
Share
| 29 | 0 | 0 | 0 |


