သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော်ကြီး၏ မကြာမီကျရောက်မည့် သက်တော် (၈၉) နှစ်ပြည့် ဝိဇာတမွေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတောင်ရိုး၊ သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာအကယ်ဒမီတွင် မတ်လ ၂ ရက်နှင့် ၃ ရက် နံနက်ပိုင်းများ၌ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနား ကျင်းပသွားမည် ဖြစ်သည်။ အဆိုပါလှူဒါန်းမှုတွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) ၌ ပညာသင်ကြားနေကြသည့် Ph.D, M.A, B.A အပါအဝင် ဘာသာစကားသင်တန်းများမှ သံဃာတော်များနှင့် သီလရှင်ဆရာလေးများအားလုံးကို ပင့်ဖိတ်ထားပြီး သင်္ကန်း၊ ဆွမ်းဆန်၊ ဆီ အစရှိသော လှူဖွယ်ဝတ္ထုအစုစုတို့ကို လောင်းလှူပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
မကြာမှီ သက်တော်(၈၉)နှစ်ပြည့်တော်မူမည့် သီတဂူဆရာတော်ကြီး၏ ဝိဇာတမွေးနေ့အထိမ်းအမှတ် ဆွမ်း ဆန်စိမ်းလောင်းလှူမည်
Feb 28 • 3:33 AM
Myanmar
Local
Share
| 31 | 0 | 0 | 0 |


