ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ၁၉၄၅ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့သည့် သက်တမ်းရင့် ဇေတဝန်လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာတွင် လက်ရှိ၌ အလှူရှင်များ နည်းပါးလာခြင်းကြောင့် ကလေးငယ်များအတွက် ကျောင်းတိုက်ရံပုံငွေထဲမှ ထုတ်ယူသုံးစွဲနေရကြောင်း သိရသည်။ ဒုတိယကမ္ဘာစစ်အတွင်း မိဘမဲ့ကလေးငယ် ၁၆ ဦးဖြင့် စတင်ခဲ့သည့် အဆိုပါဂေဟာသည် တစ်ချိန်က တိုင်းရင်းသားပေါင်းစုံ ၁၀၀ ကျော်အထိ စောင့်ရှောက်ခဲ့သော်လည်း၊ ကိုဗစ်ကာလနောက်ပိုင်းတွင် လက်ခံမှုကို ကန့်သတ်ခဲ့ရာ လက်ရှိ၌ အသက် ၃ နှစ်မှ ၁၂ နှစ်အရွယ် ယောက်ျားလေး ၅၀ နီးပါးကိုသာ ဆက်လက်စောင့်ရှောက်ထားနိုင်ကြောင်းနှင့် ဂေဟာရေရှည်လည်ပတ်နိုင်ရေးအတွက် အခက်အခဲများ ရှိနေကြောင်း သိရသည်။
ပုသိမ်မြို့က ဇေတဝန်လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာတွင် အလှူရှင်နည်းမှုကြောင့် ကျောင်းတိုက်ရံပုံငွေထဲက သုံး စွဲနေရ
Feb 28 • 3:31 AM
Myanmar
Ayeyarwady
Share
| 16 | 0 | 0 | 0 |


