back

လာအိုနိုင်ငံနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးအတွက် ချစ်ကြည်ရေးအသင်းများကပူးပေါင်းဆောင်ရွက်ပေးရန် ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေပြော

Feb 28 • 3:24 AM

breaking-news

Laos

Local News

cover

လာအိုနိုင်ငံနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးအတွက် ချစ်ကြည်ရေးအသင်းများကပူးပေါင်းဆောင်ရွက်ပေးရန် ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေပြော

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဖေဖော်ဝါရီ ၂၇ ရက်က လာအို-မြန်မာ ချစ်ကြည်ရေးအသင်း (LMFA) နှင့် မြန်မာ-လာအို ချစ်ကြည်ရေးအသင်း (MLFA) တို့...

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဖေဖော်ဝါရီ ၂၇ ရက်က လာအို-မြန်မာ ချစ်ကြည်ရေးအသင်း (LMFA) နှင့် မြန်မာ-လာအို ချစ်ကြည်ရေးအသင်း (MLFA) တို့ကို နေပြည်တော်၌ လက်ခံတွေ့ဆုံစဉ် နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေရန် ချစ်ကြည်ရေးအသင်းများက ကြားခံကူညီပေးရန် တိုက်တွန်းပြောကြားခဲ့သည်။ တွေ့ဆုံပွဲတွင် ကြန့်ကြာနေသော ဓာတ်အားပေးလိုင်းကိစ္စ၊ နယ်စပ်ကုန်သွယ်ရေးနှင့် ချစ်ကြည်ရေးတံတားကို အကျိုးရှိစွာ အသုံးချနိုင်ရေး၊ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုဖလှယ်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး လာအိုဘက်မှလည်း မြန်မာသံဃာတော်များ လာအိုသို့ ကြွရောက်သာသနာပြုပေးရန် အကူအညီတောင်းခံခဲ့သည်။ ပြည်ထောင်စုဝန်ကြီးက အစိုးရချင်းဆက်ဆံရေးအပြင် လုပ်ငန်းရှင်ချင်း (B to B) နှင့် ပြည်သူချင်း (P to P) ဆက်ဆံရေးများ အားကောင်းလာစေရန်နှင့် လာအိုရောက် မြန်မာလုပ်သားများကို စောင့်ရှောက်ပေးရန် ဆွေးနွေးခဲ့ရာ လာအိုဘက်မှလည်း သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

news-view-count-icon

11