back

လေ့ကျင့်ခန်းသိပ္ပံပညာမှာ အမျိုးသား ခန္ဓာကိုယ်ကိုသာ စံနှုန်းအဖြစ် သတ်မှတ်နေဆဲဖြစ်

Feb 28 • 3:03 AM

breaking-news

Myanmar

Local

breaking-news
cover

လေ့ကျင့်ခန်းသိပ္ပံပညာမှာ အမျိုးသား ခန္ဓာကိုယ်ကိုသာ စံနှုန်းအဖြစ် သတ်မှတ်နေဆဲဖြစ်

လေ့ကျင့်ခန်းလုပ်တဲ့အခါ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုတွေကို လေ့လာတဲ့နေရာမှာ အမျိုးသားတွေရဲ့ ခန္ဓာကိုယ်ကိုပဲ စံသတ်မှတ်ချက်အဖြစ် သတ်မှတ်ပြီး သုတေသနပြုနေတာကြောင့် အမျို...

လေ့ကျင့်ခန်းလုပ်တဲ့အခါ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုတွေကို လေ့လာတဲ့နေရာမှာ အမျိုးသားတွေရဲ့ ခန္ဓာကိုယ်ကိုပဲ စံသတ်မှတ်ချက်အဖြစ် သတ်မှတ်ပြီး သုတေသနပြုနေတာကြောင့် အမျိုးသမီးတွေအတွက် ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေမှာ ကွာဟချက်များစွာရှိနေတယ်လို့ ဗြိတိသျှကိုလံဘီယာ တက္ကသိုလ်မှ သုတေသီတွေက ပြောကြားထားပါတယ်။Applied Physiology, Nutrition, and Metabolism ဂျာနယ်ထဲမှာ ဖော်ပြထားတဲ့ ယခုလေ့လာမှုအတွက် သုတေသနစာတမ်းပေါင်း ၆၀၀ ကျော်ကို စစ်ဆေးခဲ့ရာမှာ ထက်ဝက်နီးပါးဟာ အမျိုးသားတွေကိုပဲ လေ့လာထားတာဖြစ်ပြီး အမျိုးသမီးများကို သီးသန့်လေ့လာတဲ့ စာတမ်းကတော့ ၁၀ စုံမှာ ၁ စုံတောင်မရှိတာတွေ့ရတယ်လို့လည်း သုတေသီတွေက ဆိုထားပါတယ်။

ဒီအခြေအနေဟာ လေ့ကျင့်ခန်းဆိုင်ရာ သိပ္ပံနယ်ပယ်မှာ အမျိုးသားခန္ဓာကိုယ်ကိုသာ အခြေခံစံနှုန်းအဖြစ် သတ်မှတ်ထားခြင်းဖြစ်တာကြောင့်အမျိုးသမီးတွေရဲ့ ဇီဝကမ္မဖြစ်စဉ်၊ ရောဂါရှာဖွေမှု နှင့် ကုသမှုအပိုင်းတွေမှာ အရေးကြီးတဲ့ကွဲပြားချက်တွေကို လျစ်လျူရှုမိနေတယ်လို့ သုတေသီတွေက ဆိုပါတယ်။ အဲဒီနယ်ပယ်မှာ အမျိုးသမီး သုတေသီအရေအတွက်လည်း ၂၇ ရာခိုင်နှုန်းသာရှိပြီး လေ့ကျင့်ခန်း သိပ္ပံနယ်ပယ်မှာ အမျိုးသမီးတွေရဲ့ တုံ့ပြန်မှုကို ပိုမိုပြည့်စုံစွာ နားလည်နိုင်ဖို့အတွက် အဆင့်ဆင့်သော ပြုပြင်ပြောင်းလဲမှုတွေ လိုအပ်နေတယ်လို့ သုတေသီများက ပြောကြားထားပါတယ်။

news-view-count-icon

24