back

ထိုင်း၊မဲဆောက်တွင် ဘတ်ဝန်ဆောင်မှုပေးသည့် မြန်မာသုံးဦး ဖမ်းဆီးခံရ

Feb 28 • 1:56 AM

breaking-news

Thailand

Local News

cover

ထိုင်း၊မဲဆောက်တွင် ဘတ်ဝန်ဆောင်မှုပေးသည့် မြန်မာသုံးဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်မဲဆောက်မြို့က ဖေဖော်ဝါရီ ၂၅ရက် မွန်းလွဲပိုင်းက ရွှေ့ပြောင်း အလုပ် သမား စာရွက်စာတမ်းများဝန်ဆောင်မှုပေးသည့် ဆိုင်တစ်ခုအားဝင်ရောက်စစ်ဆေးခဲ...

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်မဲဆောက်မြို့က ဖေဖော်ဝါရီ ၂၅ရက် မွန်းလွဲပိုင်းက ရွှေ့ပြောင်း အလုပ် သမား စာရွက်စာတမ်းများဝန်ဆောင်မှုပေးသည့် ဆိုင်တစ်ခုအားဝင်ရောက်စစ်ဆေးခဲ့ပြီး အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit)မရှိဘဲ အလုပ်လုပ်နေသည့် မြန်မာနိုင်ငံ သားသုံးဦးကို ဖမ်းဆီးခဲ့ကြောင်းတာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။မဲဆောက်မြို့နယ်ချိုက်၀နာလမ်းပုဒန်းလမ်းသွယ်ရှိ၎င်းဆိုင်တွင်မြန်မာသုံးဦးအာလုပ်လုပ်ကိုင် ခွင့် လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်ခြင်းနှင့် ခွင့်ပြုထားသည့်လုပ်ပိုင်ခွင့်ထက် ကျော်လွန် လုပ်ကိုင်ခြင်းပုဒ်မများဖြင့် ဖမ်းဆီးခဲ့ကြောင်း သိရသည်။၎င်းတို့အား ဥပဒေအရ ဆက် လက်အရေးယူနိုင်ရန်အတွက် မဲဆောက်မြို့မရဲစခန်းထံ လွှဲပြောင်းခဲ့ကြောင်း တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။


news-view-count-icon

18