ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့်
ASEAN Futsal Championship 2026 ပြိုင်ပွဲ ဆီဒင်များထွက်ပေါ်ခဲ့ပြီဖြစ်သည်။ အဆိုပါပွဲအတွက် မဲခွဲပွဲကို မတ်လ ၁ ရက်တွင်ပြုလုပ်မည်ဖြစ်ပြီး ပြိုင်ပွဲကို ဧပြီလ ၅-၁၁ ရက်အထိ ထိုင်းနိုင်ငံရှိ Nonthaburi Hall တွင် ကျင်းပမည်ဖြစ်သည်။ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်အသင်းအပါအဝင် နိုင်ငံကိုးနိုင်ငံပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။



