စင်ကာပူနိုင်ငံ Kallang River အတွင်း ငါးဖမ်းရင်း ရေထဲပြုတ်ကျပျောက်ဆုံးနေတဲ့ အသက် ၁၃ နှစ်အရွယ် ကျောင်းသားလေးရဲ့ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ပြီ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ဟာ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်၊ ညနေ ၄ နာရီခွဲဝန်းကျင်မှာ စတင်ခဲ့တာပါ။ အမည်ရင်း Daniel လို့ သိရတဲ့ အဆိုပါ ဆယ်ကျော်သက်ကောင်လေးဟာ သူငယ်ချင်းတွေနဲ့အတူ Kallang MRT station အနီးက မြစ်ကမ်းဘေးမှာ ငါးသွားဖမ်းခဲ့တာ ဖြစ်ပါတယ်။ ဖြစ်ပွားပုံကတော့ ငါးဖမ်းပိုက်မှာ ငြိနေတဲ့ ငါးဖမ်းကြိုးကို ပြန်ဖြုတ်ဖို့ ကြိုးစားရင်း မြစ်ထဲကို ပြုတ်ကျသွားခဲ့တာပါ။ ပထမနေ့မှာ အလင်းရောင်အားနည်းတာကြောင့် ရှာဖွေရေးခဏရပ်နားခဲ့ရပြီး ဒုတိယနေ့ (ဖေဖော်ဝါရီ ၂၆) မနက်မှာ ပြန်လည်စတင်ခဲ့ပေမဲ့ ညနေ ၇ နာရီအထိ အရိပ်အယောင်မတွေ့ခဲ့ရပါဘူး။ ရဲတပ်ဖွဲ့ရဲ့ အခြေခံစုံစမ်းစစ်ဆေးချက်တွေအရ ဒီသေဆုံးမှုမှာ မသင်္ကာဖွယ်ရာ တစ်စုံတစ်ရာ မတွေ့ရဘဲ မတော်တဆဖြစ်ရပ်အဖြစ်သာ ယူဆထားပြီး အသေးစိတ်ကိုတော့ ဆက်လက်စစ်ဆေးနေဆဲ ဖြစ်ပါတယ်။



