Xpeng သည် X9 MPV မော်ဒယ်ကို ခရီးတာ တိုးချဲ့ အီးဗီ extended-range electric vehicle (EREV) ကို ၂၀၂၅ နိုဝင်ဘာလတွင် ယွမ် ၃၀၉,၈၀၀ ($45,080)ဖြင့် စတင်ရောင်းချခဲ့သည်။ ပရီမီယံ မိသားစုစီး ၇ ယောက်ဆံ့ အီးဗီအဖြစ် ထုတ်လုပ်ထားသည်။ Xpeng ၏ မော်ဒယ်တိုင်းကို "BEV+EREV" နှစ်မျိုးထုတ် မဟာဗျူဟာအရ ဘက်ထရီသုံးအီးဗီ ဗားရှင်းကို မတ်လ ၃ ရက်တွင် စတင်ရောင်းချမည်ဟု Weibo တွင် ကြေညာသည်။ ဇန်နဝါရီ လကုန်တွင် ကြိုတင်အမှာစာ စတင်လက်ခံခဲ့သော်လည်း ဈေးနှုန်း မကြေညာသေးချေ။ မူလပထမ X9 ကို တရုတ်ပြည်တွင် ၂၀၂၄ ဇန်နဝါရီ ၁ ရက်တွင် စတင်ရောင်းချခဲ့ရာ၌ BEV ဗားရှင်းတမျိုးတည်းသာ ထုတ်လုပ်သည်။ X9 သည် Xpeng ၏ ပထမဆုံး MPV မော်ဒယ် ဖြစ်သည်။



