back

Delo Myanmar garment စက်ရုံ စူပါများ လစာအစွန်းထွက် ဖြတ်ယူ နေ

Feb 27 • 2:01 PM

breaking-news

Myanmar

Yangon

cover

Delo Myanmar garment စက်ရုံ စူပါများ လစာအစွန်းထွက် ဖြတ်ယူ နေ

Delo Myanmar garment အထည်ချုပ်စက်ရုံရဲ့ လိုင်းစူပါတွေက လုပ်ခလစာ အစွန်းထွက်တွေကို ဖြတ်ယူနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒီလိုဖြတ်ယူတဲ့ အပြင် ဆေးဖိုးဆိုပြီး သီ...

Delo Myanmar garment အထည်ချုပ်စက်ရုံရဲ့ လိုင်းစူပါတွေက လုပ်ခလစာ အစွန်းထွက်တွေကို ဖြတ်ယူနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒီလိုဖြတ်ယူတဲ့ အပြင် ဆေးဖိုးဆိုပြီး သီးခြားကောက်ခံနေတယ်လို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ကို အလုပ်သမားတွေက ပြောထားပါတယ်။စက်လိုင်းမှာ အလုပ်သမား ၃၀ ဝန်းကျင်ရှိပြီး ဝယ်တဲ့ ဆေးတွေက အကိုက်ခဲပျောက် ဆေး၊ မဟာဖြေဆေး လို ဆေးအမျိုးအစားတွေပဲ ဖြစ်တယ်လို့ ပြောပါတယ်။  ဒါအပြင် လုပ်ငန်းခွင်အတွင်း ကုန်ပစ္စည်းတွေ ရောင်းချတာ ၊ ဘက်လိုက်တာတွေပါ လိုင်းစူပါတွေက ပြုလုပ်နေတာလို့ ပြောပါတယ်။အခုလို အလုပ်သမားတွေအပေါ် စူပါတွေက ခေါင်းပုံဖြတ်နေပေမဲ့ အော်စူပါ နဲ့ HRမန်နေဂျာ ဖြေရှင်းပေးတာ ၊ တားမြစ်တာမရှိဘူးလို့ သိရပါတယ်။ ဒါ့အပြင် အချိန်ပိုပြီးဆုံးတဲ့အထိ တဆက်တည်းလုပ်ကိုင်ရပြီး ညနက် အချိန်ပိုပါ ဆက်ဆင်းပေးရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ နေမကောင်းပြီး အချိန်ပို မဆင်းးနိုင်လို့ ညနေ ၄ခွဲ ပြန်ဖို့ကို စူပါတွေက ဂိတ်ပတ် မပေးလို့ ပြန်မရဘူးလို့ ပြောပါတယ်။ ဒါ့အပြင် အထည်စံချိန်ကို အောစူပါ၊ စူပါတွေက မတရားသဖြင့် ဆဲဆို တောင်းခံပြီးအပေါ့အပါး သွားတဲ့ အလုပ်သမားတွေကို နောက်က လိုက်ကြည့်ပြီး ပြောဆိုတယ်လို့ ပြောပါတယ်။ Delo Myanmar garment စက်ရုံမှာ အလုပ်သမား ၅၀၀ ကျော်လုပ်ကိုင်နေပြီး ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေသံလွှင်စက်မှုဇုန်၊ မင်းဧရာလမ်းမှာ ဖွင့်လှစ်ထားပါတယ်။ စက်ရုံမှာ အမျိုးသမီး အတွင်းခံတွေ ချုပ်လုပ်ပြီး တရုတ်နိုင်ငံသားပိုင်ဆိုင်တယ်လို့ အလုပ်သမားတွေက ပြောထားပါတယ်။ 





news-view-count-icon

15