လားရှိုးမြို့နယ် ကိုးကန့်တပ် ထိန်းချုပ်ဒေသမှ တအာင်းတပ် ထိန်းချုပ်သည့် နမ္မတူမြို့အတွင်း စက်သုံးဆီ တင်သွင်းခွင့်အပြင် ခရီးသည်တင်ဆောင်ခွင့်ပါ ပိတ်ထားမှုကြောင့် ဒေသခံများ စိုးရိမ်မှု ရှိနေကြောင်း သိရသည်။နမ္မတူဒေသတွင် ကုန်စည်အများစု လားရှိုးမြို့မှ တဆင့် တင်ဆောင်ကြပြီး ယခုချိန်မှာ စက်သုံးဆီ တင်ဆောင်ခွင့်ကိုပါ ကိုးကန့်တပ်ဘက်မှ ပိတ်ထားကြောင်း သိရသည်။စက်သုံးဆီ တင်ခွင့်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ(၂၁)ရက်က ပိတ်ခဲ့ရာမှ ယမာန့်နေ့မှာ ခရီးသည်တင်ကား အားလုံးကိုလည်း နောက်ပြန်လှည့်ခိုင်းကြောင်း သိရသည်။



