back

မြန်မာ့အပျော်တမ်းဘောလုံးလောက အဆင့်မြှင့်တင်ရန်နှင့် ပရော်ဖက်ရှင်နယ်သို့ ကူးပြောင်းနိုင်ရေး FIFA နှင့် MFF ပူးပေါင်းဆွေးနွေး

Feb 27 • 4:45 AM

breaking-news

Myanmar

Yangon

cover

မြန်မာ့အပျော်တမ်းဘောလုံးလောက အဆင့်မြှင့်တင်ရန်နှင့် ပရော်ဖက်ရှင်နယ်သို့ ကူးပြောင်းနိုင်ရေး FIFA နှင့် MFF ပူးပေါင်းဆွေးနွေး

မြန်မာနိုင်ငံတွင် အပျော်တမ်းဘောလုံးလောက အဆင့်အတန်း မြင့်မားလာစေရန်နှင့် အပျော်တမ်းအဆင့်မှ ပရော်ဖက်ရှင်နယ်အဆင့်သို့ စနစ်တကျ ကူးပြောင်းနိုင်ရေးအတွက် "FIFA Amateur...

မြန်မာနိုင်ငံတွင် အပျော်တမ်းဘောလုံးလောက အဆင့်အတန်း မြင့်မားလာစေရန်နှင့် အပျော်တမ်းအဆင့်မှ ပရော်ဖက်ရှင်နယ်အဆင့်သို့ စနစ်တကျ ကူးပြောင်းနိုင်ရေးအတွက် "FIFA Amateur Football Environment Analysis" ဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ Novotel Yangon Max ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ Talent Development Scheme (TDS) အစီအစဉ်အရ "အရည်အချင်းရှိသူတိုင်း အခွင့်အရေးရရှိစေရန်" ရည်ရွယ်သည့် အဆိုပါအခမ်းအနားတွင် အချက်အလက်အခြေပြု ဂေဟစနစ်ဆန်းစစ်ခြင်း၊ ကျောင်းတွင်း ဘောလုံးအားကစားကဏ္ဍ အကောင်အထည်ဖော်ခြင်းနှင့် အပျော်တမ်းမှ ပရော်ဖက်ရှင်နယ်သို့ ကူးပြောင်းခြင်းဆိုင်ရာ ကိစ္စရပ်များကို အလေးထားဆွေးနွေးခဲ့ကြသည်။ အခမ်းအနားသို့ FIFA ကိုယ်စားလှယ်များ၊ အစိုးရဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ MFF တာဝန်ရှိသူများနှင့် MNL2 Promotion Cup ပြိုင်ပွဲဝင်အသင်းများ၊ ပုဂ္ဂလိက ဘောလုံးသင်တန်းကျောင်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

news-view-count-icon

20