စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံအဖြစ် စိုက်ပျိုးထားသော ကြက်သွန်နီ ဧက ၁,၈၀၀ ကျော်အနက် ဧက ၁,၄၀၀ ကျော်ကို နှုတ်သိမ်းပြီးစီးပြီဖြစ်ရာ တစ်ဧကလျှင် ပိဿာချိန် ၄,၀၀၀ ကျော် ထွက်ရှိနေကြောင်း စစ်ကိုင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ထွက်ရှိလာသော ကြက်သွန်နီများ ဈေးကွက်အတွင်း ဈေးကောင်းရရှိစေရန် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း ခရိုင်ဦးစီးမှူး ဒေါ်မြတ်မိုးဝင်းက ပြောကြားခဲ့ပြီး၊ တောင်သူများအနေဖြင့် အရည်အသွေးကောင်းမွန်၍ ကြာရှည်အထားခံသော ကြက်သွန်နီများရရှိစေရန် GAP နည်းစနစ်သုံး စိုက်ပျိုးနည်းနှင့် သိမ်းဆည်းနည်း အသိပညာပေးလုပ်ငန်းများကိုလည်း ဝန်ထမ်းများက ကွင်းဆင်းကူညီပေးခဲ့ကြောင်း သိရသည်။


