တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်၏ ပထမပုံမှန်အစည်းအဝေးကို လာမည့် မတ်လ ၂၀ ရက်နေ့တွင် အခမ်းအနားအစီအစဉ် (၁၈) ရပ်ဖြင့် ကျင်းပသွားမည်ဖြစ်ရာ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဖေဖော်ဝါရီ ၂၆ ရက် ညနေပိုင်းက လွှတ်တော်အတွင်း ပြင်ဆင်ထားမှုများကို ကွင်းဆင်းစစ်ဆေးခဲ့သည်။ ဝန်ကြီးချုပ်သည် လွှတ်တော်ကိုယ်စားလှယ်များ နေရာချထားမှု၊ မဲပေးစနစ်နှင့် အသံစနစ်များ၊ လုံခြုံရေးကင်မရာများ တပ်ဆင်မှုနှင့် ကိုယ်စားလှယ်အိပ်ဆောင်များ အဆင်သင့်ဖြစ်မှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ကိုယ်စားလှယ်များ စတင်ရောက်ရှိချိန်မှစ၍ နေထိုင်စားသောက်ရေးနှင့် ရေမီးပြည့်စုံစေရေး၊ လွှတ်တော်ဆိုင်ရာ မေးခွန်းနှင့် အဆိုတင်သွင်းခြင်းကိစ္စရပ်များကို ရှင်းလင်းစွာ သိရှိနိုင်ရန် ကြိုတင်ပြင်ဆင်ထားကြရန် မှာကြားခဲ့ကြောင်း သိရသည်။
Feb 27 • 4:43 AM
Myanmar
Bago
Share
| 22 | 0 | 0 | 0 |


