တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ရွှေလီမြို့ရှိ ကျယ်ဂေါင်နယ်စပ်ကုန်သွယ်ရေးဇုန်တွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ယူနန်ပြည်နယ်အစိုးရတို့အကြား နားလည်မှုစာချွန်လွှာ (MoU) ကို ဖေဖော်ဝါရီ ၂၄ ရက်က ကူးမင်းမြို့၌ လက်မှတ်ရေးထိုးခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ဤပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံစီးပွားရေးနှင့် ကုန်သွယ်ရေးကဏ္ဍ မြှင့်တင်ရန်၊ ကျောက်မျက်ရတနာ တရားမဝင်သယ်ဆောင်မှုကို တားဆီးရန်နှင့် ယဉ်ကျေးမှုဖလှယ်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် နှစ်နိုင်ငံအကြား သစ်တောနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍများတွင်လည်း ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေလီမြို့၌ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပူးတွဲကျင်းပနိုင်ရေးအတွက် မြန်မာ-တရုတ် နားလည်မှုစာချွန်လွှာ (MoU) ရေးထိုး
Feb 27 • 4:47 AM
China
Local News
Share
| 10 | 0 | 0 | 0 |


