back

အာကာသဆိုင်ရာ ပန်းချီ ကာတွန်းပိုစတာပြိုင်ပွဲအတွက်ပြင်ဆင်

Feb 27 • 4:39 AM

breaking-news

Myanmar

Yangon

cover

အာကာသဆိုင်ရာ ပန်းချီ ကာတွန်းပိုစတာပြိုင်ပွဲအတွက်ပြင်ဆင်

အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြမည့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်းနှင့် ပိုစတာပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၇ ရက် တွင် စတင်ကျင်းပသွားမည်ဖြစ...

အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြမည့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်းနှင့် ပိုစတာပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၇ ရက် တွင် စတင်ကျင်းပသွားမည်ဖြစ်ရာ ပြိုင်ပွဲကျင်းပမည့် နေရာများ၌ လိုအပ်သည့် ပြင်ဆင်မှုများကို ကြိုတင်ဆောင်ရွက်နေကြပြီ ဖြစ်သည်။ အဆိုပါပြိုင်ပွဲသည် လူငယ်များအကြား အာကာသသိပ္ပံနှင့် နည်းပညာရပ်များကို ပိုမိုစိတ်ပါဝင်စားလာစေရန် ရည်ရွယ်ခြင်းဖြစ်ပြီး ပြိုင်ပွဲဝင်မည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ယှဉ်ပြိုင်နိုင်ရေးအတွက် တာဝန်ရှိသူများက စနစ်တကျ ပြင်ဆင်နေသည့် ပုံရိပ်များကိုလည်း တွေ့မြင်ရကြောင်း သိရသည်။

news-view-count-icon

18