ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ်ပြား (OWIC) အသစ်ပြုလုပ်မည့်သူများနှင့် ခွင့်ပြန် OWIC ပြုလုပ်မည့်သူများသည် လာမည့် မတ်လ ၁ ရက်နေ့မှစတင်၍ OWIC ကြေး ၅,၆၀၀ ကျပ်ကို ယခင်ကကဲ့သို့ ပြုလုပ်သည့်နေ့တွင် KBZ ဘဏ်၌ ပေးသွင်းရန်မလိုတော့ဘဲ မိမိတို့ OWIC ရုံးသို့ မလာရောက်မီ မြန်မာ့စီးပွားရေးဘဏ်တစ်ခုခုတွင် ကြိုတင်ပေးသွင်းကာ ဘဏ်ချလံယူဆောင်လာရမည် ဖြစ်ကြောင်း သိရသည်။ ဥပမာအားဖြင့် မတ်လ ၄ ရက်နေ့တွင် OWIC ပြုလုပ်ရမည့်သူများသည် မတ်လ ၃ ရက်နေ့တွင် မည်သည့်မြန်မာ့စီးပွားရေးဘဏ်တွင်မဆို ငွေကြိုတင်ပေးသွင်းထားရမည်ဖြစ်ပြီး (ကိုယ်တိုင်မသွားနိုင်ပါက ကိုယ်စားစေလွှတ်နိုင်သည်)၊ OWIC ပြုလုပ်သည့်နေ့တွင် အဆိုပါဘဏ်ချလံအား အခြားလိုအပ်သော စာရွက်စာတမ်းများနှင့်အတူ ရုံးသို့ ယူဆောင်လာရမည်ဖြစ်ကြောင်း သတိပေးနှိုးဆော်ထားသည်။
မတ်လ ၁ ရက်မှစတင်၍ OWIC ကြေး ၅,၆၀၀ ကျပ်အား မြန်မာ့စီးပွားရေးဘဏ်တွင် ကြိုတင်ပေးသွင်းပြီးမှသာ ရုံးသို့လာရောက်ရန် အသိပေး
Feb 27 • 4:38 AM
Myanmar
Yangon
Share
| 25 | 0 | 0 | 0 |


