back

ချင်းပြည်နယ်မင်းတပ်မြို့မှာ နွေရာသီ မီးဘေးအန္တရာယ်ကာကွယ်ရေးအတွက် သတ်မှတ်ရက်အတွင်း မိမိပတ်ဝန်းကျင်ကို သန့်ရှင်းရေးလုပ်ကြဖို့နဲ့ မလိုက်နာရင် အရေးယူခံရမယ်လို့ သတိပေး

Feb 27 • 4:15 AM

breaking-news

Myanmar

Chin

cover

ချင်းပြည်နယ်မင်းတပ်မြို့မှာ နွေရာသီ မီးဘေးအန္တရာယ်ကာကွယ်ရေးအတွက် သတ်မှတ်ရက်အတွင်း မိမိပတ်ဝန်းကျင်ကို သန့်ရှင်းရေးလုပ်ကြဖို့နဲ့ မလိုက်နာရင် အရေးယူခံရမယ်လို့ သတိပေး

ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်နေ ဒေသခံပြည်သူတွေအနေဖြင့် နွေရာသီ မီးဘေးအန္တရာယ်ကာကွယ်ရေးအတွက် နေအိမ်ပတ်ဝန်းကျင်တွေကို သန့်ရှင်းရေးလုပ်ငန်းတွေကို မတ်လ ၁၅ ရက်နေ့ န...

ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်နေ ဒေသခံပြည်သူတွေအနေဖြင့် နွေရာသီ မီးဘေးအန္တရာယ်ကာကွယ်ရေးအတွက် နေအိမ်ပတ်ဝန်းကျင်တွေကို သန့်ရှင်းရေးလုပ်ငန်းတွေကို မတ်လ ၁၅ ရက်နေ့ နောက်ဆုံးထား လုပ်ကြဖို့ နဲ့ လိုက်နာမှုမရှိရင် တည်ဆဲဥပဒေအရ အရေးယူမယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။နွေရာသီကာလမီးဘေးအန္တရာယ်ကာကွယ်ရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် မြို့သန့်ရှင်းသာယာလှပရေးအတွက် မိမိနေအိမ် ပတ်ဝန်းကျင်တွေ ပြည်ထောင်စု / ရပ်ကွက်လမ်းတွေကို သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ နဲ့ ပူးပေါင်းဆောင်ရွက်ကြရရန် နှင့် လိုက်နာ ဆောင်ရွက်ရန် ပျက်ကွက်ရင် တည်ဆဲ ဥပဒေအရ အရေးယူခံရမယ်လို့ သတိပေးထုတ်ပြန်ထားပါတယ်။ချင်းပြည်နယ်တောင်ပိုင်းက မြို့နယ်တချို့မှာလည်း နွေရာသီကာလ မီးဘေးအန္တရာယ်ကာကွယ်နိုင်ရေး ရပ်၊ ရွာ တွေမှာ ဒေသခံတွေလိုက်နာရမယ့် စည်းမျဉ်းတွေ အသီးသီးထုတ်ပြန်တာတွေ ရှိနေပါတယ်။

news-view-count-icon

49